နောင်တုံကန်

Listing Description

ရှမ်းပြည်နယ် ကျိုင်းတုံမြို့လယ်ရှိ နောင်တုံရေကန်သည် ကျိုင်းတုံမြို့၏ ထင်ရှားသော အမှတ်အသား တစ်ခုဖြစ်ပါသည်။ ကန်သည် ၃၅ ဧကခန့်ကျယ်ဝန်းကာ ရေဝင်ရေထွက်စနစ်ဖြင့် တည်ရှိနေပြီး ကန်ပေါင် တစ်လျှောက်တွင် သံပန်းအကာအရံ ပြုလုပ်ထားပါသည်။ မော်တော်ယာဉ်သွား ကန်ပတ်လမ်းနှင့် လမ်းလျှောက်ရန် ကန်ပတ်လမ်းဟု လမ်းနှစ်ခု ပြုလုပ်ထားပြီး ထိုကန်ပတ်လမ်းနှစ်ခုကြားတွင် သစ်ပင်၊ ပန်းပင်များ စီတန်းစိုက်ပျိုးထားပါသည်။ နားနေရန် ထိုင်ခုံများလည်း ချထားပါသည်။ ယာဉ်သွား ကန်ပတ်လမ်း တစ်ဖက်တွင် ဒေသအစားအစာ ရောင်းသည့်ဆိုင်များ၊ ပျော်ပွဲစား ဆိုင်များ၊ တည်းခို ခန်းနှင့် လူနေအိမ်များ ရှိသည်။ ကန်ပတ်လမ်းဘေး တစ်နေရာတွင် အားကစားလေ့ကျင့်သည့် ပစ္စည်းများ ထားရှိပေးထားပါသည်။