လေးကျွန်းစင်္ကြာရပ်တော်မူဘုရားကြီး

Listing Description

လေးကျွန်းစင်္ကြာရပ်တော်မူဘုရားကြီးသည် မုံရွာမြို့အနီး ခတက္ကန်တောင်ရွာ၊ ဇီးဖြူတောင်ပေါ်တွင် မြန်မာသက္ကရာဇ် ၁၃၅၇ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်။ မဟာဗောဓိတစ်ထောင်သာသနာ့နယ်မြေ စတင်ထူထောင်တော်မူသော မဟာဗောဓိတစ်ထောင် ပဓာနနာယကဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနာရဒမထေရ် စတင်တည်ထားကိုးကွယ်တော်မူခဲ့သည်။ ဉာဏ်တော်အမြင့်ပေမှာ အောက်ခံပလ္လင်တော်အပါအဝင် ၄၂၄ ပေ အမြင့်ဆောင်ပြီး ဘုံ ၃၁ အပါအဝင် အထပ်ပေါင်း (၃၃)ထပ်ပါရှိပြီး ဘုံတိုင်းတွင် ပန်းချီ၊ ပန်းပုတို့ဖြင့် သက်ဆိုင်ရာဘုံများအကြောင်းကို ဖော်ပြထားပါသည်။ စတင်တည်ဆောက်စဉ်က ကမ္ဘာအမြင့်ဆုံးအကြီးဆုံး ရုပ်ပွားတော်ကြီးဖြစ်ပြီး ယခုအချိန်တွင်ကမ္ဘာ့တတိယအကြီးဆုံးအမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်သည်။ အလျားပေပေါင်း ၃၃၃ ပေရှိ လျောင်းတော်မူရုပ်ပွားတော်ကြီး တည်ဆောက်ပြီးစီးသည့် နောက်တွင် ယင်းရပ်တော်မူရုပ်ပွားတော်ကြီး ထပ်မံတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။