ဖောင်တော်ပေါက်စေတီ

Listing Description

တောင်ကြီးမြို့နယ်၊ အေးသာယာစက်မှုဇုန် ကားလမ်းမဘေး၊ ဖောင်တော်ပေါက်ကျောင်းတိုက်အတွင်း တည်ရှိသည်။ ပုဂံနရပတိစည်သူမင်းကြီးက အေဒီ ၁၀၉၂ ခုနှစ် (ကောဇာသက္ကရာဇ် ၄၅၄) တွင် တည်ထားခဲ့သည်ဟု ယုံကြည်ကြသည်။ စေတီတော်မှာ မြေပေါက်စေတီအမျိုးအစားဖြစ်ပြီး ဉာဏ်တော်အမြင့် ၄၅ ပေခန့်ရှိသည်။ အရံစေတီငယ် ၈ ဆူရှိပြီး စေတီတော် အရပ်လေးမျက်နှာ၏ အာရုံခံတစ်ခုစီတွင် ဗုဒ္ဓရုပ်ပွားတော်များ ပူဇော်ထားရှိပါသည်။ မြန်မာသက္ကရာဇ် ၁၂၉၂ ဟုရေထိုးထားသော ဆည်းလည်းငယ်တစ်လုံးကို တွေ့ရှိရသောကြောင့် ခရစ်နှစ် ၁၉၃၀ ခုနှစ်တွင် ထီးတော်အသစ် ထပ်မံတင်လှူထားကြောင်း အခိုင်အမာသိရှိရသည်။