ကျိုက်စဖို့စေတီ

Listing Description

ရှေးဟောင်း သမိုင်းဝင် ဉာဏ်တော် ၁၁ တောင်ရှိ ကျိုက်စဖို့ စေတီတော်မှာ ဘိုကလေးမြို့နယ် ကွင်းကြီးကျေးရွာအုပ်စု ကွန်ဒိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ တည်ထားပူဇော်လျက်ရှိပါသည်။ ကျိုက်စဖို့ စေတီတော်ကို မွန်လူမျိုးများ အောက်မြန်မာပြည်ကို စုန်ဆင်းစဉ် ကျူတော၊ ကိုင်းတောကြီးများရှိသော ဒေသသို့အရောက်တွင် ဉာဏ်တော် ၉ တောင်ပြည့် စေတီတော်ကို တည်ထားခဲ့သည်ဟု သိရပါသည်။ယင်းနောက်ပိုင်းတွင် ငါးအိမ်တန်းကျေးရွာနေ ဦးရွှေဆိုင်နှင့် မိသားစုများက မွမ်းမံပြီး ဉာဏ်တော် ၁၁ တောင်စေတီအဖြစ် တည်ထားခဲ့ပါသည်။