မိန်းမလှကျွန်း

Listing Description

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် တည်ရှိသည်။ ဘိုကလေးမြစ်ဝနှင့် ကဒုံကနိမြစ်ဝ တို့အကြား၊ ဘိုကလေးမြို့မှ တောင်ဘက် ၁၉ ကီလိုမီတာ (၁၂ မိုင်) အကွာတွင်တည်ရှိပါသည်။ အာဆီယံ အမွေအနှစ်ဥယျာဉ် စာရင်းတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံပေါင်း ၁၆၈ နိုင်ငံ ပါဝင်ဖွဲ့စည်းထားသော ရေတိမ်ဒေသများဆိုင်ရာ ကွန်ဗင်းရှင်း (ရမ်ဆာကွန်ဗင်းရှင်း)မှ သတ်မှတ်သည့် “ရမ်ဆာရေဝပ်ဒေသများ” ထဲတွင်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကျွန်း၏ ဧရိယာ အများစုသည် ပင်လယ် ရေမျက်နှာပြင်နှင့် တပြေးတည်း ဖြစ်ပြီး အမြင့်ဆုံးနေရာသည် ပင်လယ် ရေမျက်နှာပြင်ထက် ၂၅ မီတာ ခန့် မြင့်ပါသည်။ မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသည် ၅၂ဒသမ ၇၈စတုရန်းမိုင်ကျယ်ဝန်းပြီး မိကျောင်းမျိုးစိတ်နှင့် ပင်လယ် ငှက်မျိုးများ နေထိုင်ကျက်စား လျက်ရှိပါသည်။ မိန်းမလှကျွန်းတွင် ရှားပါးငှက်မျိုးစိတ်များကို လေ့လာနိုင်ပါသည်။ ၁၉၉၄ ခုနှစ်မှစတင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနက မိန်းမလှကျွန်းကို တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော(Wildlife Sanctuary) အဖြစ်သတ်မှတ်ကြေညာ၍ ကာကွယ်ထိန်းသိမ်းထားပါသည်။

ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော မိန်းမလှကျွန်း ဘေးမဲ့တော ------