ကျော်ရဲအောင်

Listing Description

ကျော်ရဲအောင်ကို ၁၉၆၆ခုနှစ်၊ မေလ၅ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၌ အဖ ဦးမြင့်အောင်နှင့် အမိ‌ဒေါ်ခင်လှတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ကိုကိုနိုင်ဖြစ်သည်။

၁၉၉၀ ခုနှစ်ဝန်းကျင်တွင် အနုပညာလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ ဒါရိုက်တာ ဇဗ္ဗူထွန်းသက်လွင် ရိုက်ကူးသော "တို့ကပိုချစ်သည်" ဇာတ်ကားကို မင်းသမီး စိုးမြတ်သူဇာနှင့်အတူတွဲဖက်၍ ပထမဆုံးခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့သည်။

ရိုက်ကူးခဲ့သော ကြော်ငြာများအနက် ထင်ရှားသော ကြော်ငြာတစ်ခုမှာ လှကလေးစိန်ထိုးမုန့် ကြော်ငြာဖြစ်သည်။ ကျော်ရဲအောင်သည် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုကို နှစ်ကြိမ်တိုင်တိုင်ဆွတ်ခူးနိုင်ခဲ့သည်။

၁၉၉၆ ခုနှစ်မှာတွင် ပထမဆုံးအကယ်ဒမီကို “သား သမီး ဇနီး ကြင်ယာ” ဆိုသော ရုပ်ရှင်ဇာတ်ကားနှင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆူကို ရရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် "ကိုးဆယ်ဆယ်ဆသာလိမ့်မယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သည်။

၁၉၉၃ ခုနှစ်တွင် မဆုမွန်နှင့် အိမ်ထောင်ကျပြီး သား ထူးမြတ်ကျော်ရဲအောင်နှင့် သမီး မှုံနံ့သာကျော်ရဲအောင် ဟူသော သားသမီးနှစ်ဦး ထွန်းကားခဲ့သည်။

ဇာတ်ကားပေါင်း ၂၉၀ ကျော်ကို ရိုက်ကူးခဲ့ပြီး ယနေ့အချိန်ထိလည်း အနုပညာအလုပ်များကို လုပ်ကိုင်လျက်ရှိသည်။