ကျိုက်မွန်ထိုရ်ဆံတော်ကြိုစေတီတော် (ဝါ) လက်ခိုက်ဘုရား

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊  စမ်းချောင်းလေးဘုရားမြောက်ဘက် ၁ မိုင်အကွာ၊ ကလှပတီ (ခေါ်)လာဝတီရွာနှင့် လက်ခိုက်ရွာကြားတွင် တည်ရှိသည်။ ပဲခူးကလျာဏီသိမ်ကျောက်စာ၌ ယခုအခေါ် လက်ခိုက်ဆံတော်ကြိုဘုရားကို  လက္ခိယပူရဆံတော်ကြိုဘုရားအဖြစ်ရေးသားထားပြီး "ကျိုက်မွန်ထိုရ်"ဟုလည်း ခေါ်တွင်ကြသည်။ တဖုဿနှင့် ဘလ္လိကညီနောင်တို့ ပင့်ဆောင်ခဲ့သော ရွှေတိဂုံစေတီတော်တွင် တည်ထားကိုးကွယ်မည့် ဆံတော် ၈ ဆူကို ဒလတောကြီးတန်း (ယခု ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ တွံတေးမြို့နယ်) တစ်လျှောက် ပင့်ဆောင်ခဲ့စဉ်က ရပ်နားရာနေရာများ၌ တည်ထားကိုးကွယ်ခဲ့သော ဆံတော်ကြိုစေတီ ၉ ဆူရှိခဲ့ရာ ကျိုက်မွန်ထိုရ်ဆံတော်ကြိုစေတီသည်လည်း တစ်ဆူအပါအဝင်ဖြစ်သည်။