ဆပဂံ ဆံတော်ကြိုစေတီတော်

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဆပဂံကျေးရွာတွင် တည်ရှိပါသည်။ အင်္ဂလုံဆံတော်ကြိုဘုရား၏ မြောက်ဘက် ၁ မိုင်ကွာဝေးသည်။ “ကျိုက်လှာပကံ” ဟု သမိုင်းအချို့တွင် တွေ့ရပြီး စေတီတော်သည် ဖိနပ်တော်အတောင် ၆၀ ခန့်ရှိသည်။ တဖုဿနှင့် ဘလ္လိကညီနောင်တို့ ပင့်ဆောင်ခဲ့သော ရွှေတိဂုံစေတီတော်တွင် တည်ထားကိုးကွယ်မည့် ဆံတော် ၈ ဆူကို ဒလတောကြီးတန်း (ယခု ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ တွံတေးမြို့နယ်) တစ်လျှောက် ပင့်ဆောင်ခဲ့စဉ်က ရပ်နားရာနေရာများ၌ တည်ထားကိုးကွယ်ခဲ့သော ဆံတော်ကြိုစေတီ ၉ ဆူရှိခဲ့ရာ ဆပဂံဆံတော်ကြိုစေတီသည်လည်း တစ်ဆူအပါအဝင်ဖြစ်သည်။