မန္တလေးဈေးချိုနာရီစင်

Listing Description

ဈေးချိုနာရီစင်သည် မန္တလေးမြို့ ၂၆ ဘီလမ်းနှင့် ၈၄ လမ်းထောင့်တွင်တည်ရှိပြီး ၁၉၀၃ ခုနှစ် ကိုလိုနီခေတ်တွင် ဝိတိုရိယဘုရင်မကြီး၏ နှစ် ၆၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ပြင်သစ်အင်ဂျင်နီယာ ဗွန်ဗီလိန်းက တည်ဆောက်ခဲ့ပါသည်။ နှစ်ပေါင်း ၁၁၀ ကျော်ခဲ့ပြီဖြစ်သောကြောင့် ပျက်စီးနေသော နာရီအစိတ်အပိုင်းများကို ၂၀၁၃ ခုနှစ်တွင် မြန်မာအင်ဂျင်နီယာများ၊ ပညာရှင်များမှ အစအဆုံးပြုပြင် အစားထိုးခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် နာရီစင်ကို အမိန့်ကြော်ငြာစာအမှတ် (၃၀/ ၂၀၂၂) ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည်။