ခြူးလေး

Listing Description

၁၉၉၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ် သံတွဲမြို့ တွင် မွေးဖွားခဲ့သည် ။ အမည်ရင်း စန်းသော်တာ ဖြစ်သည်။ နေအဉ္စရာ ဟုလည်း လူသိများသည်။ မွေးချင်း နှစ်ယောက်အနက် အကြီးဆုံးဖြစ်ပြီး မောင်တစ်ယောက်ရှိသည်။ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၊ အင်းစိန်တွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာဖြင့် ဘွဲ့ရခဲ့သည်။

အနုပညာလောကသို့ ပထမခြေလှမ်းအနေဖြင့် ၂၀၁၂ ခုနှစ်တွင် “ပျော်ရွှင်စရာသရုပ်ဆောင်ကမ္ဘာ” အစီအစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် သရုပ်ဆောင်တစ်ဦးအဖြစ် MRTV-4 နှင့် ငါးနှစ်စာချုပ်ချုပ်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် အောင်မင်းခန့် ၊ ဟန်လင်းသန့်၊ အောင်ရေချမ်း၊ မေမီကျော်ကျော်တို့နှင့်အတူ ပွဲဦးထွက် ရုပ်သံဇာတ်လမ်းတွဲ “ထာဝရမန္တလေး” တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် MRTV-4 မှ ထုတ်လွှင့်ပြသခဲ့သည်​။ ဒုတိယမြောက် ဇာတ်လမ်းတွဲအဖြစ် ၂၀၁၄ ခုနှစ်တွင် MRTV-4 ၌ ထုတ်လွှင့်ပြသခဲ့သော ရုပ်သံဇာတ်လမ်းတွဲ “ပန်းနုသွေး” အတွဲ (၂) တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်များအကြား အောင်မြင်မှုရရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ဟန်လင်းသန့်၊ မေမြင့်မိုရ်တို့နှင့်အတူ “မိုးပန်းပွင့်ရဲ့သင်္ကေတ” ရုပ်ရှင် ဇာတ်ကားကြီးတွင် ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ယင်းဇာတ်ကားကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသခဲ့ပြီး အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သည်။

ထို့နောက် သူမသည် ဇာတ်လမ်းတွဲများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူရည်ချွန် (၂၀၁၅)၊ ပို၍လှသောမနက်ဖြန် (၂၀၁၆)၊ ကံ ကံ၏အကျိုး (၂၀၁၆)၊ ရသမော်ကွန်းအလင်္ကာ၊ ရွှေဖူးစာဆုံရာမြေ၊ Happy Beach Season 2 (၂၀၁၈)၊ ချစ်ရပါသောနွေ (၂၀၁၉)၊ နွေလယ်ညရဲ့လမင်း (၂၀၁၉) စသည့် ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်များ

မိုးပန်းပွင့်ရဲ့သင်္ကေတ (၂၀၁၈)

ကျော်ကြားအမွှေစိန် ဝိညာဉ် (၂၀၁၉)

ဘာညာဘာညာ (၂၀၁၉)

သောင်းတိုက်ကကြားစေသား (၂၀၂၀)

ဗီဒီယိုဇာတ်ကားများ

ကြယ်တာရာတိုက်ပွဲ (၂၀၁၂)

အင်တင်တင်ဂွင် (၂၀၁၃)

Twist (၂၀၁၃)

ကောက်ကြောင်းမျဉ်းပြိုင် (၂၀၁၄)