ဒေါက်တာဒေါ်ရီရီ (၁၉၂၉-၁၉၈၄)

Listing Description

ဒေါက်တာဒေါ်ရီရီ (၁၉၇၅)ခုနှစ် အမျိုးသားစာပေဆု{သုတပဒေသာ(ဝိဇ္ဇာ) မြန်မာအမျိုးသမီးများအနက် ပီအိပ်ချဒီဘွဲ့ကို အစောဆုံးရရှိခဲ့သူများစာရင်းတွင် ရခိုင်အမျိုးသမီးတစ် ဦးဖြစ် သော ဒေါ်ရီရီလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

၁၉၂၉ ခုနှစ်၊မတ်လ(၁၄)ရက်နေ့တွင် သံတွဲ့မြို့၌ အဖဦးဘစိန်၊ အမိဒေါ်ခိုင်တို့မှ ဖွားမြင်သည်။ (၁၉၃၅)ခုနှစ်တွင် စစ်တွေကွန်ဗင့်ကျောင်း၌စတင်ပညာသင်ခဲ့သည်။(၁၉၄၆)ခုနှစ်တွင်ဆယ်တုန်းကို စာမေးပွဲအောင်မြင်သည်။(၁၉၅၂)ခုနှစ်တွင် ရာဇဝင်ဂုဏ်ထူးတန်းကို ဒုတိယတန်း(က)အဆင့်ဖြင့် အောင်မြင်သည်။ ထိုနှစ်၌ပင် ပညာတော်သင်အဖြစ်ဖြင့် လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိ ကပညာရပ် ဆိုင်ရာကျောင်း (School of oriental and African Studies) တွင်တက်ရောက်ခဲ့၍ ၁၉၅၈ ခုနှစ်တွင် ပီအိချ်ဒီ ဘွဲ့ရခဲ့သည်။

မြန်မာနိူင်ငံသမိုင်းကော်မရှင်၌ သုတေသနအရာရှိအဖြစ် ၁၉၅၉ခုနှစ်တွင်ဝင်ရောက်အမှုထမ်းခဲ့ပြီး ၁၉၆၁ ခုနှစ်တွင်ကုန်းဘောင်ခေတ်ဆိုင်ရာကျမ်းပြုအရာရှိအဖြစ် တို့မြှင့်ခန့်ထားခြင်းခံခဲ့ရသည်။

မြန်မာနိူင်ငံအခြေအနေ(၁၇၁၄-၅၂)စာအုပ်ဖြင့် ၁၉၇၅ခုနှစ်အတွက် အမျိုးသားစာပေ ဆု (သုတပဒေသာ၊ဝိဇ္ဇာ)ကိုရရှိခဲ့သည်။ ညောင်ရမ်းမင်းဆက်နှင့်အင်း၀မင်းဆက်များ လက်ထက်မြန်မာနိူင်ငံ ၏အခြေအနေကို အသေးစိတ်သုတေသနပြု၍တင်ပြခဲ့သည်။

မြန်မာနိူင်ငံသုတေသနအသင်းဂျာနယ်၊ သမိုင်းတံခွန်၊ ပြည်ထောင်စုမြန်မာနိုင်ငံစာပေနှင့်လူမှုရေး သိပ္ပံ ဂျာ နယ် စသည့် သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများရေးသားခဲ့သည်။ အင်္ဂလိပ်မြန်မာ ပြက္ခဒိန် (၁၇၀၁-၁၈၂၀) ကိုရေးသား၍ ယဉ်ကျေးမှုဌာနမှထုတ်ဝေခဲ့သည်။ ထို့ ပြင်သုတေသနအဘိဓာန်များ မှတ်စု အမှတ်စဉ်(၁)ကိုရေးသား၍ မြန်မာနိုင်ငံသုတေသနအသင်းမှပင် ပုံနှိပ်ထုတ်ဝေခဲ့ သည်။ နိုင်ငံသမိုင်း သုတေ သနဦးစီးဌာနတွင် အကြီးတန်းသုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း (၁၉၈၄)ခုနှစ်တွင် ကွယ်လွန် ခဲ့သည်။