မင်္ဂလာဘုံပျံကျောင်းတိုက်

Listing Description

မင်္ဂလာဘုံပျံကျောင်းတိုက်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့မှ အနောက်ဘက် ၇ မိုင်ခွဲအကွာ၊ အမြင့်မြို့ဟောင်း (အမြင့်ကျေးရွာ)တွင် တည်ရှိသော ရှေးဟောင်းဘုန်ကြီးကျောင်း ဖြစ်ပါသည်။ သက္ကရာဇ် ၁၂၂၀ ပြည့်နှစ်တွင် မင်းတုန်းမင်း၏ သက်တော်ရှည်အမတ်ကြီးဖြစ်သူ အမြင့်မြို့ဝန် မင်းလက်ဝါး ဆောက်လုပ်လှူဒါန်းခဲ့သည်ဟု သိရပါသည်။ ကျောင်းကြီးသည် တိုင်ပေါင်း ၁၃၆ တိုင်ဖြင့် အဆောင် ၁၂ ဆောင် ဖွဲ့စည်းတည်ဆောက်ထားကာ အုတ်လှေကားလေးစင်း ပါရှိပါသည်။