နေဝင်တောင်ဘုရား

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ ဆင်လမ်းဆည်အထက် ပန်းဦးတောင်ရွာအနီးတွင် တည်ရှိသည်။ ပင်လယ်ရေ မျက်နှာပြင်အထက်  ၄၀၄၂ ပေအမြင့်ရှိ နေဝင်တောင် ဟုခေါ်သော တောင်ကုန်းပေါ်တွင် တည်ထားသဖြင့် နေဝင်တောင် ဘုရားဟု အမည်တွင်သည်။ သမိုင်းရာဇဝင်များအရ စောမွန်လှသည် အနော်ရထာမင်း၏ ရာဇဒဏ်ကြောင့်  မူဆယ်စယ်လန့်သို့ ပြန်ရာလမ်းတစ်လျှောက်တွင် ဘုရားစေတီများ တည်ထားခဲ့ရာ ယင်းစေတီတော်ကို နေဝင်ချိန်အပြီးတည်ခဲ့သည့်အတွက် နေဝင်တောင်ဟုခေါ်ဆိုသည်ဟု သိရသည်။ နှစ်စဉ် တပေါင်းလပြည့်နေ့တိုင်း ဘုရားပွဲတော် ကျင်းပလျက်ရှိပြီး တောင်ပေါ်စေတီမှ ပြင်ဦးလွင်မြို့အလှ ရှုခင်းကိုလည်း တွေ့မြင်ခံစားနိုင်ပါသည်။