တောင်ဖီလာစေတီ

Listing Description

တောင်ဖီလာစေတီသည် စစ်ကိုင်းတောင်နှင့် မင်းဝံတောင်တို့အလယ် အရှေ့နှင့်အနောက် ပေါ်ထွက်နေသော တောင်ရိုးပေါ်တွင်တည်ရှိပြီး မြန်မာသက္ကရာဇ် ၁၀၀၃ ခုနှစ်တွင် တိပဋိကာလင်္ကာရ မုနိန္ဒဃောသမထေရ် တောင်ဖီလာဆရာတော်၏ ကဝိနည်းနိဿများကို ဌာပနာပြီး သာလွန်မင်းတရားကြီးမှ တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်၏ ဘွဲ့တော်မှာ "လေးကျွန်းဆီမီးစေတီတော်" ဖြစ်သော်လည်း တောင်ဖီလာဆရာတော်ကြီး၏ ကဝိနည်းနိဿများ ဌာပနာ၍ တည်ထားသောကြောင့် "တောင်ဖီလာစေတီတော်" ဟူ၍ ဘွဲ့အမည်တွင်ပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ဝါဆိုလပြည့်ကျော် ၈ ရက်နေ့တွင် ကျင်းပပါသည်။