ကန်တော်ကြီး

Listing Description

ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီးသည် ရန်ကုန်မြို့၌ အင်းလျားကန်ပြီးလျှင် ဒုတိယအကြီးဆုံးကန် ဖြစ်ပါသည်။ ရွှေတိဂုံဘုရား၏ အရှေ့ဘက်တွင်တည်ရှိပြီး အင်းလျားကန်ကို ရေပိုက်များဖြင့် ဆက်သွယ်ထားသည်။ ၁၅၀ ဧကခန့်ရှိသည့် ကန်တော်ကြီးတဝိုက်တွင် မြေပဒေသာကျွန်း၊ ဗိုလ်ချုပ်ပန်းခြံ၊ ကရဝိတ်ဟိုတယ်၊ ပန်းကန်လုံးကျွန်း၊ ချစ်သူများကျွန်း၊ တိရစ္ဆာန်ဥယျာဉ်၊ ငါးပြတိုက်နှင့် အဆင့်မြင့်ဟိုတယ်များ တည်ရှိပါသည်။ ကန်တော်ကြီးကို ၁၁၄၇ ခုနှစ်၊ ဘိုးတော်ဘုရားလက်ထက်တွင် ရန်ကုန်ဝန် ဦးရွှေရေးက ရန်ကုန်မြို့သူ၊ မြို့သားများ ကျန်းမာရေးကောင်းမွန်စေရန်အတွက် ရေကောင်းရေသန့်ရရှိစေရန် ရည်ရွယ်ပြီး တူးဖော်ခဲ့ပါသည်။