အစေခံ ခံတပ်

Listing Description

စစ်ကိုင်းခံတပ် ခေါ် အစေခံ ခံတပ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ၏ အနောက်တောင်ဘက် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းအနီး အစေခံ အရပ်တွင်တည်ရှိပါသည်။ စစ်ကိုင်းခံတပ်ကို မင်းတုန်းမင်းလက်ထက် ခရစ် သက္ကရာဇ် ၁၈၇၉ ခုနှစ်တွင် အီတလီရေကြောင်း စစ်ဘက်ဌာနမှ ကွန်မိုတိုပဲရီ နှင့် မိုလီနာရီ တို့က ကြီးကြပ်၍ မြန်မာအင်ဂျင်နီယာများနှင့် ပူးပေါင်းတည်ဆောက်ခဲ့သည်။ ကင်းဝန်မင်းကြီး၏ တိုက်တွန်းစီမံချက်ဖြင့် ပြည်တွင်းရန် သာမက ပြည်ပရန်ကိုပါ ကာကွယ်ရန်အတွက် ဧရာဝတီမြစ်ကမ်းနဖူးများ၌ ခံတပ်သုံးခု (ဆင်ကျုံးခံတပ်၊ စစ်ကိုင်းခံတပ်နှင့် သပြေတန်းခံတပ်) တို့တြိဂံအနေအထားဖြင့်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ စစ်ကိုင်းခံတပ်ခေါ် အစေခံခံတပ်မှာ စက်ဝိုင်းခြမ်းသဏ္ဌာန်ဖြင့် မြို့ဘက်သို့လှည့်၍ တည်ဆောက်ထားပြီး အကျယ်အဝန်းမှာ တောင်နှင့်မြောက် ပေ ၂၄၀၊ အရှေ့နှင့်အနောက် ပေ ၃၂၀ ရှည်လျားပြီး ခံတပ်အတွင်းသို့ဝင်ရန် မြောက်ဘက်နှင့် အရှေ့ဘက်တွင် ဝင်ပေါက် ၂ ပေါက်ရှိသည်။ စစ်ကိုင်းခံတပ်ကို ၁၉၅၇ ခုနှစ်မှစ၍ ယခုအချိန်အထိ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိန်းစောင့်ရှောက်လျက် ရှိပါသည်။ 

အသေးစိတ်ဖတ်ရှုရန်