ဗလမင်းထင်တံတား

Listing Description

ဧရာဝတီမြစ်ကိုဖြတ်၍ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့သို့ ဆက်သွယ်ထားသော တံတားဖြစ်ပါသည်။  တံတား၏အရှည်မှာ ၂၆၈၈ ပေဖြစ်ပြီး ခံနိုင်ဝန်မှာ ၃၅ တန်ဖြစ်ပါသည်။ ယာဉ်သွားလမ်းအကျယ် ၈.၅ မီတာနှင့် လူသွားလမ်းအကျယ် ၁.၈ မီတာကျယ်ဝန်းပါသည်။ ဗလမင်းထင်တံတားကြီးသည် ကချင်ပြည်နယ်တွင် အရှည်ဆုံးတံတားဖြစ်ပြီး ၁၉၉၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ရာ ၁၉၉၈ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ တံတားကြီး၏ မြစ်ညာဘက် ၂၇ မိုင်ခန့်အကွာတွင် မေခမြစ်နှင့် မလိခမြစ်တို့ ပေါင်းဆုံပါသည်။

#ဧရာဝတီမြစ်ကူးတံတား ဧရာဝတီတံတား