ကရိန်နော်အပန်းဖြေရိပ်သာ

Listing Description

ကရိန်နော်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကမ်း အနီးရှိ အပန်းဖြေရိပ်သာတစ်ခုဖြစ်ပြီး ကချင်ပြည်နယ်၏ သမိုင်းတွင် အထင်ကရနေရာတစ်ခု အဖြစ် သတ်မှတ်ထားသည့် အလှတရားတို့၏ မြေပြင်ဖြစ်ပါသည်။ ၁၉၅၀ ပြည့်နှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်တိုင်းရင်းသား ကချင်လူမျိုး ဒူဝါကရိန်‌နော်က လူထုအပန်းဖြေရိပ်သာအဖြစ် ဖန်တီးတည်ထောင်ခဲ့ပါသည်။ မြစ်ဆုံဒေသကဲ့သို့ ကျောက်တုံးကျောက်ဆောင်များ ဖြင့် လှပသော အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး အားလပ်ရက် ရုံးပိတ်ရက်များတွင် အပန်းဖြေအနားယူသူများနှင့် စည်ကားလျက်ရှိသော မြစ်ကြီးနားမြို့၏ ဂုဏ်ယူစရာနေရာ တစ်ခုဖြစ်ပါသည်။