အင်ခိုင်ဘွမ် အမျိုးသားဥယျာဉ်

Listing Description

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မြောက်ဘက်တွင် တည်ရှိသည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့စွဲပါ အမိန့်အမှတ် (၁၅/၂၀၁၇) ဖြင့် စတင်တည်ထောင်ခဲ့ပြီး အကျယ်အဝန်း ၁၁၆.၀၃ စတုရန်းမိုင် (၇၄၂၆၀ ဧက) ကျယ်ဝန်းသည်။ အမြဲစိမ်းတော၊ တောင်ပေါ်တော အမျိုးအစားဖြစ်ပြီး အဓိကကာကွယ်ထားသောတိရစ္ဆာန်များမှာ ကျားသစ်၊ပြောင်၊ ဆတ်၊ ဒရယ်၊ ဖက်ချေ၊ တောင်ဆိတ်နီ၊ ဝက်ဝံ၊ တောခွေး၊သင်းခွေချပ်၊ တောကြောင်မျိုးစိတ် များ၊ မျောက်မျိုးစိတ် များ၊ တောဝက်၊ ငှက် မျိုးစိတ်များ၊ မြွေမျိုးစုံ၊ ရေသတ္တဝါမျိုးစုံတို့ဖြစ်သည်။