အင်ကြင်းဥယျာဉ်

Listing Description

အင်ကြင်းဥယျာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကန့်ဘလူ-ကျွန်းလှကားလမ်းဘေး၊ မိုင်တိုင် ၁၇ အနီးတည်ရှိပါသည်။ ဧက ၄၀ ကျော် ကျယ်ဝန်းသော ၎င်းအင်ကြင်းဥယျာဉ်အတွင်းတွင် ကမ္ဘာ့အကြီးမား အရှားပါးဆုံး အင်ကြင်းကျောက်ဖြစ်သစ်ပင်ကြွင်းဟု ဘူမိဗေဒပညာရှင်များက သတ်မှတ်ထားကြသော ရှေးနှစ်သန်းပေါင်း(ခန့်မှန်း)၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၈ သန်းခန့်ရှိ ၂၀ဝ၅ ခုနှစ် ဇွန်လ ၂၅ ရက်က ပထမအကြိမ်တွေ့ရှိခဲ့သည့် အရှည်ပေ ၁၆၀ ၊လုံးပတ် ၁၄ ပေရှိ အင်ကြင်းကျောက်ကြီးနှင့် ၂၀ဝ၇ ခုနှစ် ဇွန်လ ၁၃ ရက်က ဒုတိယအကြိမ်တွေ့ရှိခဲ့သည့် အရှည် ၁၂၄ ပေ၊ လုံးပတ် ၁၂ ပေရှိ အင်ကြင်းကျောက်ကြီးကို အများပြည်သူဝင်ရောက်လေ့လာနိုင်စေရန် ဖွင့်လှစ်ပြသထားပါသည်။ ထို့ပြင် အင်ကြင်းဥယျာဉ်အတွင်းတွင် အင်ကြင်းကျောက်ဖြင့်ပြုလုပ်ထားသည့် အင်ကြင်းပုတီးများ၊ လက်စွပ်၊ ဆွဲသီး၊ မြန်မာ့လှည်းယာဉ်နှင့်အခြားအလှဆင် ထုလုပ်ထားသော ရုပ်ထုများ၊ အင်ကြင်းကျောက်များဖြင့် လှပစွာပုံဖော်ထားသောနေရာများစသည်ဖြင့် စိတ်ဝင်စားဖွယ် တွေ့မြင်လေ့လာနိုင်ပြီး ထိုဥယျာဉ်အတွင်းတွင် လွပ်လပ်စွာအနားယူ အပန်းဖြေနိုင်မည် ဖြစ်ပါသည်။