အေးမြတ်သူ

Listing Description

၁၉၈၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း အကိုတစ်ယောက်ရှိသည်။

၂၀၀၄ ခုနှစ်ဝန်းကျင်တွင် မော်ဒယ်ပြိုင်ပွဲများ၊ Miss ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်၍ အနုပညာလောကထဲသို့ ဝင်ရောက်လာခဲ့သည်။ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ရုံတင်ပြသခဲ့သော “နောင်တွင်ဥဒါန်းတွင်စေသတည်း” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့သည်။

ပါဝင်ရိုက်ကူးခဲ့သော ရုပ်ရှင်များ

ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ

ငဘ

ခေါက်ထီးကလေး မလုံ့တလုံ

နောင်တွင် ဥဒါန်းတွင်စေသတည်း

ချူဆီ

နေခြည်မှာရွှေရည်လောင်း

ပြုံးရွှင်ရေပျော်ရဲ့လား

တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ

အမှန်အကန်

ရွာသူမကြွေ