ရွှေမော်ယွန်းဘုရား (ခ) ရွှေမင်းဝံဘုရား

Listing Description

ရမည်းသင်းမြို့၊ မင်္ဂလာကျုံးမြောက်ဘက်တွင် တည်ရှိပါသည်။ သက္ကရာဇ် ၈၄၃ ခုနှစ်တွင် ရမည်းသင်းမြို့စား မင်းရဲကျော်စွာ (သီရိအနော်ရထာ)က တည်ထားကိုးကွယ်ခဲ့ပါသည်။ နှစ်ပေါင်းများစွာ ကိုးကွယ်လာခဲ့ကြရာမှ မြန်မာဘုရင် လက်ထက်၌ မြို့သူကြီး ဖြစ်ခဲ့ပြီး အင်္ဂလိပ်မင်းလက်ထက်၌ မြို့အုပ်ကြီးဖြစ်သော ဦးမင်းနိုင်က သက္ကရာဇ် ၁၂၈၇ ခုနှစ်တွင် စေတီတော် အောက်ခြေဘိနပ်တော်မှ အထက်ထိပ် ငှက်ပျောဖူးအထိ ထပ်မံပြုပြင်ခဲ့ပါသည်။ ဦးမင်းနိုင် ပြန်လည်ပြုပြင်ခဲ့သောဘုရား ဖြစ်သဖြင့် 'ဦးမင်းနိုင်ဘုရားကြီး'ဟုလည်း ခေါ်တွင်ကြပါသည်။ ၁၃၁၇ ခုနှစ်တွင် သိမ်ဦးဆရာတော်ကြီး ဦးကဝိန္ဒ၏ ဩဝါဒခံယူကာ မြို့နယ်လူထုကောင်းမှုဖြင့် စေတီတော်ကို ထီးတော်တင်လှူပူဇော်ခဲ့ပါသည်။