ဓာတ်ပေါင်းမဥ္ဇူစေတီတော်

Listing Description

ဓာတ်ပေါင်းမဉ္ဇူစေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့၊ အမှတ် (၃) ရပ်ကွက်အတွင်း တည်ရှိသည့် မြို့ကျက်သရေဆောင် စေတီတော်ကြီးဖြစ်ပါသည်။ ဆားလင်းကြီးမြို့၏ သမိုင်းဝင် တောင်တော်ကြိုပွဲနတ်ပွဲကို ရှေးအခါက နတ်ပွဲအဖြစ်သာ ကျင်းပခဲ့သော်လည်း ၁၉၈၀ ပြည့်နှစ် မတိုင်မီကာလမှစတင်၍ မြို့ကျက်သရေဆောင် ဓာတ်ပါင်းမဉ္ဇူဘုရားကြီးပွဲအဖြစ် နတ်ပွဲနှင့်အတူ ကျင်းပသဖြင့် ရိုးရာနတ်တတ်နတ်ဆက်လာသူများ အစဉ်အလာမပျက်ရှိသဖြင့် ယခုအခါ ဘုရားပွဲနတ်ပွဲအဖြစ် နှစ်စဉ် နယုန်လပြည့်ကျော် ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပလျက်ရှိပါသည်။