ခင်ဦးမြို့နယ်ရှိ မဲရုံများ၌ လွှတ်တော်အလိုက် ပြည်သူများ စိတ်အေးချမ်းမြေ့စွာ ဆန္ဒမဲပေးလျက်ရှိ

Listing Description

ခင်ဦး  နိုဝင်ဘာ  ၈

စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်  ခင်ဦးမြို့နယ်၌  ၂၀၂၀  ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်အလိုက် ဆန္ဒမဲပေးခြင်း ကို ယနေ့ နံနက် ၆ နာရီမှစတင်ပြီး  မဲရုံအသီးသီးတွင်  ပြည်သူများ စိတ်အေး ချမ်းမြေ့စွာ ဆန္ဒမဲပေးကြသည်။

ခင်ဦးမြို့နယ်တွင် မဲရုံပေါင်း ၁၁၂ ရုံရှိပြီး မဲဆန္ဒနယ်(၁)တွင် မဲပေးခွင့်ရှိသူ  ၆၂၅၂၁ ဦးနှင့်  မဲဆန္ဒနယ်(၂)တွင်  မဲပေးခွင့်ရှိသူ  ၆၀၆၂၇ ဦး စုစုပေါင်း  ၁၂၃၁၄၈ ဦးနှင့်  ကြိုတင်ဆန္ဒမဲပေးပြီးသူ  ၂၄၅၈၄ ဦးရှိကြောင်း  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

မဲရုံများတွင် ဆန္ဒမဲလာရောက်ပေးသူများမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက်     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက    ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက် ထားပြီး မဲဆန္ဒရှင်များ မဲရုံတွင် လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)