သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရား

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ ဟိုပုံးမြို့၏ ကျက်သရေဆောင် စေတီတော်မြတ်ကြီးဖြစ်ပါသည်။ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်စဉ်က မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်အား ဌာပနာ၍ တည်ထားခဲ့သောကြောင့် မွေတော်စေတီဟု ခေါ်တွင်ကြသည်ဟု သိရပါသည်။ မူလက ဉာဏ်တော် ၁၂ တောင်မျှသာရှိရာ အမရပူရမြို့တည်နန်းတည် ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက်တွင် ဟိုပုံးမြို့စားကြီး ခွန်ကြားက မူလစေတီကိုငုံလျက် ဉာဏ်တော်အတောင် ၈ဝ ရှိသော စေတီတော်အဖြစ် ပြုပြင်မွမ်းမံ၍ အတောင် ၂ဝဝ ပတ်လည်ရှိ မဟာရံတံတိုင်းကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဗြိတိသျှအစိုးရလက်ထက် ခရစ် ၁၉၂၃ ခုနှစ်တွင် ရဟန်းရှင်လူများစုဝေး၍ ထိုစေတီတော်ကို နယ်၏ကောင်းကျိုး နိမိတ်ကိုဆောင်စေရန် သီရီမင်္ဂလာ ရွှေချမ်းသာစေတီဟု ဘွဲ့တော်သစ် သမုတ်ခဲ့ကြပါသည်။ စေတီတော်မြတ်ကြီး၏ ပတ်လည်တွင် စော်ဘွားများအဆက်ဆက် တည်ထားကိုးကွယ်ခဲ့သော အရံစေတီပေါင်း ၂၃၆ ဆူရှိပါသည်။ နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်နေ့တွင်တစ်ကြိမ်၊ တပေါင်းလပြည့်ကျော် ၆ ရက်နေ့တွင်တစ်ကြိမ် ဘုရားပွဲတော်ကျင်းပပါသည်။