ပါဒခြေတော်ရာ

Listing Description

တောင်ကုတ်မြို့နယ်၊ မအီမြို့၊ လက်ပံကျေးရွာအုပ်စု၊ ခြေတော်ရာကျေးရွာအနီးရှိ မအီမြစ်အတွင်း မဏိသေလာ ကျောက်ဆောင်ပေါ်တွင် အောက်စက်တော်ရာခေါ် လက်ယာပါဒခြေတော်ရာနှင့် အမြင့် ပေ ၆၀၀ ကျော်ရှိ မြင်းမတိန်တောင်တွင် အထက်စက်တော်ရာခေါ် လက်ဝဲပါဒခြေတော်ရာ ဟူ၍ ဗုဒ္ဓမြတ်စွာဘုရား၏ ခြေတော်ရာတစ်စုံ ဖြစ်ပါသည်။ သက္ကရာဇ် ၁၃၉၂ ခုနှစ် တပေါင်းလဆုတ် ၁၀ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရပါသည်။ သမိုင်းကြောင်းလာ မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် မြတ်စွာဘုရား၏ ခြေတော်ရာ ၁၂ ဆူရှိသည့်အနက် ၁၁ ဆူမှာ လက်ဝဲပါဒခြေတော်ရာများဖြစ်ကြပြီး မအီမြစ်အတွင်း ကျောက်ဆောင်ပေါ်ရှိ ခြေတော်ရာ တစ်ဆူသာလျှင် လက်ယာခြေတော်ရာဖြစ်သည်ဟု သိရပါသည်။ ခြေတော်ရာနှစ်ဆူ၏ အတိုင်းအတာများမှာ အလျား ၃ ပေ ၄ လက်မ၊ အနံ ၁ ပေ ၄ လက်မ၊ အနက် ၃ လက်မစီ အသီးသီးရှိပါသည်။