ချောင်းသာကမ်းခြေ

Listing Description

ချောင်းသာကမ်းခြေသည် ပုသိမ်မြို့အနောက်ဖက် ကီလိုမီတာ ၄၀ အကွာတွင် တည်ရှိ၍ ရန်ကုန်မြို့မှ ၅ နာရီကြာ ကားမောင်းခရီး အကွာအဝေးတွင် ရှိပါသည်။ ထင်းရှူးပင်၊ အုန်းပင်များနှင့် ကမ်းခြေသည် ထူးခြားလှပနေလျက် ခရီးသွားဧည့်သည်များအတွက် နှစ်သက်ဖွယ် မြင်ကွင်း အလှတရားများနှင့် ပင်လယ်လေနုအေးများကို ခံစားစီးမျှောနိုင်ပါသည်။ ဈေးနှုန်းချိုသာ၍ လတ်ဆတ်ပြီး အရသာကောင်းမွန်သော ပင်လယ်စာ အစားအစာများ ရရှိနိုင်သည့် အပန်းဖြေ စခန်း အနီးအနားတွင် ရှိသော တံငါရွာများသို့လည်း ခရီးသွားဧည့်သည် အမြောက်အများ ဝင်ထွက်သွားလာလျက်ရှိပါသည်။