ဦးနာဂပြတိုက်

Listing Description

ဦးနာဂပြတိုက်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းအနီး၊ ဟန်လင်းကျေးရွာ၊ ညောင်ကိုးပင်ကျောင်းတိုက်တွင် တည်ရှိပါသည်။ ညောင်ကိုးပင်ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သော ဆရာတော် ဦးနာဂသည် ဟန်လင်းဒေသမှတွေ့ရှိခဲ့သည့် အိုးခြမ်းကွဲများ၊ ပုတီးစေ့များ၊ အုတ်ခဲများ၊ ကျောက်ကွင်းများ၊ အိုးများ၊ လူဦးခေါင်းခွံများစသည့် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို စုဆောင်း သိမ်းဆည်းခဲ့သည်။ ဆရာတော် ပျံလွန်တော်မူပြီးနောက် ဆရာတော် ဦးတေဇနိယက ဆရာတော် ဦးနာဂကိုအလေးထားလျက် ၎င်းပျူယဉ်ကျေးမှု အထောက်အထားပစ္စည်းများကို ဆက်လက်ထိန်းသိမ်း၍ ပြတိုက်ဖွင့်လှစ်ကာ အများပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် အခမဲ့ ပြသထားလျက်ရှိပါသည်။ ဦးနာဂ ယဉ်ကျေးမှုပြတိုက်တွင် ကျောက်ပုတီးစေ့များ၊ ဒင်္ဂါးပြားများ၊ လူဦးခွံများ၊ ကြေးပစ္စည်းများ၊ အိုးများ၊ ဒင်္ဂါးပြားများ၊ ကျောက်လက်နက်များ၊ သံထည်ပစ္စည်းအတိုအစများ၊ ခေါင်းလောင်းငယ်များ စသည်ဖြင့် ဟန်လင်းဒေသတွင် နေထိုင်ခဲ့ကြသည့် ပျူလူမျိုးများ သုံးစွဲ ခဲ့သည့် အသုံးအဆောင်များစွာကို လေ့လာနိုင် ပါသည်။