မြတ်စောညီနောင်ဘုရား

Listing Description

မြတ်စောညီနောင်ဘုရားသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၏ အရှေ့တောင်ဘက် ၇ ခန့် အကွာအဝေးတွင် တည်ရှိပါသည်။ မြတ်လှ နှင့် စောလှ ဟူသော ကုန်သည်ညီနောင် နှစ်ဦးမှ မြတ်စွာဘုရား၏ အရိုးတော်များကို ဌာပနာ၍ စေတီတစ်ဆူစီ တည်ထားခဲ့သောကြောင့် မြတ်စောညီနောင်ဘုရားဟု အမည်တွင်ရှိပါသည်။ စေတီနှစ်ဆူကြားသွားရာလမ်းတွင် စောင်းတန်းများ ပြုလုပ်ထားပါသည်။ မြတ်လှနှင့်စောလှတို့၏ မိခင်တည်သည့် စေတီတော်ကိုမူ မယ်တော်စေတီဟု ခေါ်ခဲ့ကြပါသည်။