စိမ်းလဲ့တောင်ကြားဆင်စခန်း

Listing Description

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ မကွေကျေးရွာအနီးတွင် တည်ရှိပါသည်။ စိမ်းလဲ့တောင်ကြားဆင်စခန်းသည် တစ်ချိန်က မြန်မာ့သစ်လုပ်ငန်းတွင် အသုံးပြုခဲ့သောဆင်များ ယခုအခါ အသက်ကြီးအိုမင်းလာ၍ သစ်လုပ်ငန်းတွင် အသုံးမပြုတော့သည့် သက်ကြီးဆင်များအား ပြုစုစောင့်ရှောက်ပေးသော ဆင်စခန်းဖြစ်၍ စခန်းတွင် သစ်ဆွဲပြသခြင်း၊ ဆင်အပျော်စီးခြင်း၊ ဆပ်ကပ်ပြခြင်းများ ဝန်ဆောင်မှုမပေးသော ဆင်စခန်းဖြစ်ပါသည်။ ဆင်စခန်းကို ၂၀၁၁ ခုနှစ်တွင် မြန်မာ့သစ်လုပ်ငန်းမှ သက်ကြီး ဆင်နှစ်ကောင်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် စိုက်ပျိုးထိန်းသိမ်းတောများ ဧက ၂၀၀ အထိတိုးချဲ့ပြုစုစိုက်ပျိုး၍ သက်ကြီးရွယ်အိုဆင်အများအပြား မွေးမြူပြုစုစောင့်ရှောက်ခဲ့ပါသည်။