မဟာအတုလဝေယန်ကျောင်းတော်ကြီး (အတုမရှိကျောင်း)

Listing Description

မဟာအတုလဝေယန်ကျောင်းတော်ကြီးသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မဟာအတုလဝိဇယရာမတိုက်၏ မဟာရံတံတိုင်းနှစ်ထပ်အတွင်း၊ ရွှေနနန်းတော်ကျောင်းနှင့် ကပ်လျက်တွင် တည်ရှိသည်။ မင်းတုန်းမင်းကြီးမှ ၁၈၅၉  ခုနှစ်တွင် ယောအတွင်းဝန်ဦးဘိုးလှိုင်အား ဦးစီးတည်ဆောက်စေခဲ့ရာ ၁၈၇၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ ကျွန်းသစ်များဖြင့် ဆောက်လုပ်ထားကာ အင်္ဂတေအနုအမွမ်းများဖြင့် အပြင်မှတန်ဆာဆင်ထားသော ဘုံငါးဆင့်အဆောက်အဦဖြစ်ပြီး၊ ရှေးရိုးအစဉ်အလာ ဘုန်းကြီးကျောင်းများနှင့် တည်ဆောက်ပုံမတူဘဲ ဇေတဝန်တစ်ဆောင်တည်းဖြင့် တည်ဆောက်ထားသော ကျောင်းကြီးဖြစ်ပါသည်။ ကျောင်းတော်ကြီး သည် အရှေ့- အနောက်လှေကားအဆုံး ၃၃၉ ပေ၊ တောင်-မြောက် ၂၈၁ ပေ ကျယ်ဝန်းပြီး အမြင့်ပေ ၁၀၀ ရှိပါသည်။ အုတ်အင်္ဂတေဖြင့် ရံထားသော ကျွန်းတိုင်ပေါင်း ၂၄၆ တိုင်ဖြင့် တည်ဆောက် ထားပါသည်။ ကွန်းစင်တိုင်အမြင့် ၆၇ တောင်မြင့်သည် ။ မြန်မာမှုပန်းတော့ အုတ်-အင်္ဂတေလက်ရာ မကရ်းလှေကားကြီး ၆ စင်းဖြင့် တည်ဆောက်ထားပါသည် ။ နံရံမှတိုင်များတွင် ဖရုံမြှောင့်ခံ စုလစ် ၊မွန်းချွန်းများ ၊ အမွှမ်းပန်းများ ၊ မြန်မာဥဒေါင်းရုပ်နှင့် အင်္ဂတေကနုတ်ပန်းလက်ရာများ ၊ ရတနာပုံခေတ် သစ်သားတံခါးမကြီးများ မှာလည်းဂုဏ်ယူဝံ့ကြွားဖွယ်ရာ စံနမူနာပြ လက်ရာများဖြစ်ပါသည်။ ၁၈၉၀ ခုနှစ်တွင် မန္တလေးမြို့မီးလောင်ကျွမ်းစဉ်က ကျောင်းဆောင်တစ်ခုလုံး မီးခခဲ့သောကြောင့် ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံရှေးဟောင်းသုတေသနဌာနမှ မူလအတိုင်း ပြန်လည် ဆောက်လုပ်ခဲ့ကြသည်။