တရုတ်ဘုံကျောင်း

Listing Description

တရုတ်ဘုံကျောင်းသည် ပြင်ဦးလွင် (ခေါ်) မေမြို့သို့ရောက်လျှင် သွားရောက်လည်ပတ်သင့်သည့် နေရာတစ်ခုဖြစ်ပါသည်။ ဘုံကျောင်းဝန်းအတွင်း သက်သက်လွတ် စားသောက်ဆိုင်တစ်ဆိုင်တည်ရှိပြီး ဘုံကျောင်းအတွင်းတွင် ဗေဒင်ဝါသနာပါသူများ တရုတ်ဝါးဗေဒင်မေးနိုင်ပါသည်။ ဘုံကျောင်းဝန်းအတွင်းရှိ ဘုံခုနစ်ဆင့်ကျောင်းဆောင်၏ အပေါ်ဆုံးထပ်သို့တက်ရောက်နိုင်ကာ ပြင်ဦးလွင်မြို့ရှုခင်းအလှအပများကို ခံစားကြည့်ရှုနိုင်ပါသည်။