ပွေးလှဟော်နန်း

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့မှ ၈ မိုင်ခန့်အကွာ၊ ပွေးလှမြို့တွင် တည်ရှိပါသည်။ ကျက်သရေဆောင် ရွှေစလွယ်တော်ရ စော်ဘွားကြီး စဝ်စံမြ၏ ဟော်နန်းဖြစ်ပြီး ယခုထိတိုင် စော်ဘွားကြီးနှင့် မဟာဒေဝီအပါအဝင် ဆွေတော်မျိုးတော်များ၏ ဓာတ်ပုံမှတ်တမ်းများကို ထိန်းသိမ်းထားရှိပါသည်။ ဟော်နန်းတည်ဆောက်စဉ်က အိန္ဒိယလူမျိုးများက ကျောက်စရစ်ထုထွင်းပြီး တရုတ်လက်သမားများက ဆောက်လုပ်ခဲ့သည်ဟု သိရပါသည်။ နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံဖြစ်ပြီး ဥရောပဟန် အဆောက်အအုံကို မြန်မာမှုလက်ရာများဖြင့် တွဲဖက်တွေ့မြင်ရပါသည်။ အကျယ်အဝန်း ၂ ဧက မြေပေါ်၌ နှစ်ထပ်အဆောက်အအုံဖြစ်ပြီး အပေါ်ထပ်တွင် အခန်း ၁၀ ခန်း၊ အောက်ထပ်တွင် အခန်း ၁၀ ခန်းစုစုပေါင်း အခန်း ၂၀ ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။