သံတံခါးသိမ်တော်

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သံတံခါးကျေးရွာတွင် တည်ရှိသည်။ မြန်မာသက္ကရာဇ် ၁၂၆၃ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၁၂၆၆ ခုနှစ်တွင် ပြီးစီးခဲ့သည်။ မှန်စီရွှေချ သရိုးကြိုးခင်း ဖန်ကျီ မှန်ပန်းချီ အနုလက်ရာအလှအပများ၊ မှန်ကူကွက်၊ ငှက်ပျောတောကွက်၊ ရာဇမတ်ကွက်၊ ဆင်စွယ်ဝန်းယှက်၊ မကာရ်းကွက် စသည့် ရှေးအနုပညာလက်ရာများကို လေ့လာတွေ့မြင်နိုင်သည်။