ပဲခူးမြစ်ကူးတံတား (ကဝ)နှင့် ကျားတက်တံတား(ပိုင်ကျုံ) ကွန်ကရစ်တံတားဖွင့်ပွဲ ကျင်းပ

Listing Description

ပဲခူး ဒီဇင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကဝမြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတား(ကဝ)နှင့် ကျားတက်တံတား(ပိုင်ကျုံ)ကွန်ကရစ်တံတားဖွင့်ပွဲကို ယနေ့နံနက်ပိုင်းကကျင်းပသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက လက်ရှိ အသုံးပြုနေသည့် ပဲခူးမြစ်ကူးတံတား(ကဝ) ဘေလီတံတား သည် တစ်လမ်းသွားဘေလီတံတားဖြစ်ပြီး ကဝမြို့တွင်းကို ဖြတ်သန်းသွားလာရသည့်အတွက် ယာဉ်ကြောကျပ်တည်းမှု များဖြစ်ပေါ်ကာ ယာဉ်အန္တရာယ်များပြားလာသောကြောင့် ကဝမြို့ရှောင်လမ်းကို တည်ဆောက်ရခြင်းဖြစ်ပြီး ကဝမြို့ကြီးဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုက်ညီမှုရှိစေရန် ပဲခူးမြစ်ကူး တံတား(ကဝ) သံကူကွန်ကရစ်တံတားသစ်ကြီးကို ကဝ မြို့ရှောင်လမ်းပေါ်တွင် တည်ဆောက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းကျောက်စာကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ပဲခူးမြစ်ကူးတံတား (ကဝ) ပေါ်သို့ ဖြတ်သန်းကြည့်ရှုကြသည်။

အဆိုပါ ပဲခူးမြစ်ကူးတံတား (ကဝ)သည် ပဲခူးခရိုင် ကဝမြို့နယ် ကဝမြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကိုဖြတ်၍ အရှည်ပေ ၆၀၀၊ အကျယ်ပေ ၃၀၊ နှစ်လမ်းသွား သံကူ ကွန်ကရစ်တံတားဖြစ်ပြီး ၂၀၁၈ ခုနှစ် မေ ၂၈ ရက်တွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက် တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

ပဲခူးမြစ်ကူးတံတား(ကဝ) တည်ဆောက်ပြီးစီးသွားသဖြင့် အင်းတကော်-ထုံးကြီး-ကဝ-အုန်းနှဲလမ်းကို ဆက်သွယ် ပေးပြီး ရန်ကုန်-ခရမ်း-သုံးခွ-သနပ်ပင်-ပဲခူးလမ်းမကြီး ကိုလည်း ချိတ်ဆက်ပေးနိုင်မည်ဖြစ်သဖြင့် ဒေသခံပြည်သူ များအတွက် များစွာအရေးပါလှသည့် တံတားတစ်စင်းဖြစ် ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ကျိုက်ပဒိုင်- တာဝ- ပိုင်ကျုံ- ဖလေးလမ်းပေါ်ရှိ ပိုင်ကျုံချောင်းကိုဖြတ်၍ အရှည်ပေ ၂၅၀၊ အကျယ်ပေ ၂၀ ရှိ ကျားတက်တံတား(ပိုင်ကျုံ)ကွန်ကရစ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတား ပေါ်ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။

တင်စိုး(ပဲခူ