Christ The King Church

Listing Description

Christ The King Church သည် ကလောမြို့၊ တက္ကသိုလ်လမ်းနှင့် သဇင်လမ်းထောင့် တွင်တည်ရှိသည့် ရိုမန်ကတ်သလစ်ဘုရားကျောင်းဖြစ်ပါသည်။ နှစ်တစ်ရာကျောင်းဟု ခေါ်ဆိုနေသော ကျောင်းကြီးကို ၁၉၃၀ ခုနှစ်တွင် အီတလီသာသပြုဘုန်းတော်ကြီး အဖ အန်ဂလို မှ ဆောက်လုပ်ခဲ့ပါသည်။ ကိုလိုနီခေတ်ကတည်းက တည်ရှိခဲ့သော ၎င်းဘုရားရှိခိုးကျောင်းကြီးကို ၆၉ နှစ်တိုင်တိုင် ကျောင်းထိုင်ဘုန်းတော်ကြီး တစ်ပါးတည်းထိန်းသိမ်းခဲ့ကာ ထင်ရှားကျော်ဇော ခဲ့ပါသည်။ ထို့နောက် သာသနာပြုလုပ်ငန်းများကို ဖာသာပေါလ် မှ ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။ ကိုလိုနီခေတ်ဗိသုကာလက်ရာများဖြင့် ခန့်ငြားသပ်ရပ်သော ကျောင်းကြီးကို ဆိတ်ငြိမ် အေးချမ်းလှသည့် ကျောင်းပရဝုဏ်အတွင်းတွင် လှည့်လည် လေ့လာနိုင်ပါသည်။