နေမင်း

Listing Description

သရုပ်ဆောင်နေမင်းကို  ၁၉၈၃ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သက္ကလမြို့တွင် မွေးဖွားခဲ့သည်။ အသက် ၁၉ နှစ်အရွယ်တွင် ကိုရီးယားသို့အလုပ်လုပ်ရန် သွားရောက်ခဲ့သည်။ ကိုရီးယားမှ ပြန်လာပြီးနောက် ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးနှင့် လက်တွဲကာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးခဲ့သည်။ “ပန်းနုရောင်ပြန်” ရုပ်ရှင်ဇာတ်ကားကို မိုးဟေကိုနှင့်အတူ သရုပ်ဆောင်ခဲ့ပြီး “ဇယားရှုပ်တဲ့ ဖိုးဝတုတ်” ရုပ်ရှင်ဇာတ်ကားကို ထွန်းအိန္ဒြာဗိုနှင့်အတူ ရိုက်ကူးခဲ့သည်။ ရွှေလင်ပန်းနဲ့ အချင်းဆေး မင်းမွေးတဲ့သမီး ၊ မင်းဝမ်းသာတော့၊ မျှော်လင့်ခြင်းကမ်းပါးမှာ တစ်တောလုံးပန်းတွေဝေခဲ့ပေါ့၊ ရန်သူ၊ သူ့ကိုမမုန်းဘူး စသည့် ဇာတ်ကားများဖြင့် ပရိတ်သတ်အားပေးမှု ရရှိခဲ့သည်။

လက်ရှိအချိန်ထိ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၂၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ထားသည်။

ရိုက်ကူးခဲ့သောရုပ်ရှင်များ

သွားလူဆိုး ဒါမျိုးတော့တတ်တယ် (၂၀၁၂)

ချစ်စံအိမ် ၂၀၂၈ (၂၀၁၅)

မင်္ဂလာလှည်း (၂၀၁၅)

အုတ်ကြားမြက်ပေါက် (၂၀၁၆)

လူး ရတနာသိုက် (၂၀၁၆)

ရန်သူ (၂၀၁၈)

လေးပါးကျော့ရှိန် ဝရဇိန် (၂၀၁၉)