သာကေတတံတားဟောင်း

Listing Description

ပုဇွန်တောင်မြို့နယ် နှင့် ဒေါပုံမြို့နယ်ကို ဆက်သွယ်သည့် သာကေတတံတား ကို ကိုလံဘိုစီမံကိန်းအရ ကနေဒါနိုင်ငံ၏ အကူအညီဖြင့် ၁၉၆၆ ခုနှစ်တွင် တည်ဆောက်ခဲ့ကာ ၁၉၆၇ ခုနှစ် ၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ သာကေတတံတား၏ အလယ်ခန်းပွင့်နှစ်ခုကို အရှင်ပြုလုပ်ထားသဖြင့် တံတားအောက်မှ သင်္ဘောကြီးများ ဖြတ်သန်းချိန်တွင် တံတားအလယ်ခန်းပွင့် ကြမ်းခင်း နှစ်ခုကို အပေါ်သို့ထောင်ကာ တံတားကိုဖွင့်ပေးခြင်းဖြင့် င်္ဘောကြီးများကို လွယ်ကူစွာ ဖြတ်သန်းစေနိုင်ခဲ့သည်။ တံတားသည် သက်တမ်းကြာမြင့်လာ၍ တံတားခံနိုင်ဝန်အားလျော့နည်းလာသောကြောင့် တံတားအနီးတွင် တံတားအသစ်တစ်စင်း (သာကေတတံတားသစ်) ကို ၂၀၁၅ ခုနှစ် ဧပြီလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၈ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ မူလက တံတားသစ်ဖွင့်ပြီးနောက် တံတားဟောင်းအား အပြီးတိုင်ဖျက်သိမ်းရန် စီစဉ်ခဲ့သော်လည်း ပန်းခြံတံတားအဖြစ်တည်ဆောက်ခဲ့သည်။ ထို့ကြောင့်တံတားသစ်နှင့် တံတားဟောင်းတို့မှာ ကပ်လျက်တည်ရှိနေသည်။