မဟာဗန္ဓုလတံတား

Listing Description

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် နှင့် ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားသည်။ ယမုံနာလမ်း နှင့် မဟာဗန္ဓုလလမ်းကိုဆက်သွယ်ထားသည်။ ၁၉၉၈ ခုနှစ်တွင် တည်ဆောက်ခဲ့ကာ ၂၀၀၁ ခုနှစ်တွင်ပြီးစီးခဲ့သည်။ စစ်သူကြီးမဟာဗန္ဓုလအား ဂုဏ်ပြုသောအားဖြင့် အမည်ပေးထားခြင်းဖြစ်သည်။ ၆ လမ်းသွား ၉၃ ပေ (၂၈ မီတာ) အကျယ် ကား လမ်းတစ်ဖက်စီလျှင် ၃.၃ မီတာ (၁၁ ပေ) အကျယ် လူသွားလမ်းပလက်ဖောင်းအသွားအပြန်ပါ၀င်သည်။ အရှည် ၁.၅ ကီလိုမီတာ (၄,၉၀၀ ပေ) ရှိသည်။