ခါကာဘိုရာဇီအမျိုးသားဥယျာဉ်

Listing Description

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ် ပန်နန်းဒင်မြို့တွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၁၄၇၂ စတုရန်းမိုင် (၃၈၁၀ စတုရန်းကီလိုမီတာ) ရှိပါသည်။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကို ၁၉၉၆ ခုနှစ်ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ခါကာဘိုရာ ဇီသဘာဝ ထိန်းသိမ်းရေး နယ်မြေအဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ်နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အမျိုးသားဥယျာဉ်အဖြစ် လည်းကောင်း၊ ၂၀ဝ၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ဒေသတွင် တွေ့ရှိနိုင်သည့် သားငှက်တိရစ္ဆာန်များမှာ ပန်ဒါနီ၊ တောင်ဆိတ်နီ၊ သားမင်း၊ ကတိုးချေ၊ ဟိမဝန္တာဝက်ဝံ၊ တောဆိတ်၊ ရေခဲတောင်ဆိတ်၊ မျောက်မြီးရှည်၊ အာသံမျောက်၊ ငှက်အမျိုးအစားများအဖြစ် ဇာမဏီငှက်၊ စကလေတာမိုနာရစ်၊ ဟိမဝန္တာမိုနာရစ်၊ သွေးရစ်၊ ဟိမဝန္တာဇီးကွက်တို့ဖြစ်ပါသည်။သစ်ခွမျိုးစိတ်များမှာ ပူတာအိုသဇင်၊ သစ်ခွနက်၊ ဖဒလက်သစ်ခွ၊ ကျားမင်းသမီးသစ်ခွ၊ ဆေးဖက်ဝင်အပင်များဖြစ်သည့် မချစ်ဥ၊ ဂူရှား၊ အဆိပ်ဥ၊ ခန်းတောက်မြစ်၊ ဆားချီ(ခ)ဆေးပိန်းဥနှင့် ရေခဲအောက်တွင်သာ ပေါက်ရောက်ပြီး စိုက်ပျိုး၍ မရနိုင်သည့် ရှီးပဒီးတို့ဖြစ်ကာ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေသည့် ရှားပါးလိပ်ပြာအမျိုးအစားတို့ကို တွေ့ရှိနိုင်သည်။ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်း မှတ်တမ်းတင်ထားသည့် ဇီဝမျိုးစုံမျိုးကွဲများမှာ သစ်မျိုး ၂၉၇ မျိုး၊ ဝါးမျိုး ၁၃ မျိုး၊ ကြိမ် ၁၀ မျိုး၊ ဆေးဖက်ဝင်အပင် ၂၂ မျိုး၊ သစ်ခွမျိုးစိတ် ၁၀၆ မျိုး၊ သားငှက်တိရ္ဆာန်များမှ နို့တိုက်သတ္တဝါ ၄၂ မျိုး၊ ငှက်မျိုးစိတ် ၃၇၀၊ လိပ်ပြာ ၃၆၅ မျိုး၊ ကုန်းနေရေနေ သတ္တဝါများဖြစ်သည့် ဖား ၄၃ မျိုး၊ မြွေ ၃၂ မျိုး၊ လိပ် သုံးမျိုး၊ LIZARD ခြောက်မျိုးနှင့် ပိတုန်း ၄၉ မျိုးတို့ ဖြစ်ကြောင်း သိရပါသည်။