သာကေတတံတားသစ်

Listing Description

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်သို့ ပုဇွန်တောင်ချောင်း (ငမိုးရိပ်ချောင်း) ကို ဖြတ်သန်းတည်ဆောက်ထားသော တံတားတစ်စင်း ဖြစ်သည်။ တံတားအရှည်မှာ ၂၅၃ မီတာ (၈၃၀ ပေ) ဖြစ်ပြီး ၂၁.၅ မီတာ (၇၁ ပေ) အကျယ်ရှိသော ကြိုတင်အားဖြည့် သံကူကွန်ကရစ်ကြိုးဆိုင်း တံတားအမျိုးအစား ဖြစ်သည်။ ၄ လမ်းသွား ၅၇ ​ပေကျယ်သည့် ကားလမ်း​ဘေး တစ်ဖက်လျှင် ၂ မီတာ (၆.၆ ပေ) အကျယ်ရှိသော လူသွားလမ်းပလက်ဖောင်း အသွားအပြန် ပါဝင်သည်။

ယခင်သာကေတတံတားဟောင်းမှာ ၁၉၆၇ ခုနှစ်တွင် ကိုလံဘိုစီမံကိန်းအရ တည်ဆောက်ခဲ့သဖြင့် နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်လာရာ တံတားခံနိုင်ဝန်အား လျော့ကျလာပြီဖြစ်သဖြင့် တံတားအသစ်တစ်စင်းကို ၂၀၁၅ ခုနှစ် ဧပြီလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၈ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ မူလက တံတားသစ်ဖွင့်ပြီးနောက် တံတားဟောင်းအား အပြီးတိုင်ဖျက်သိမ်းရန် စီစဉ်ခဲ့သော်လည်း ပန်းခြံတံတားအဖြစ်တည်ဆောက်ခဲ့သည်။ ထို့ကြောင့်တံတားသစ်နှင့် တံတားဟောင်းတို့မှာ ကပ်လျက်တည်ရှိနေသည်။ တံတားသစ်နှင့်အတူ ပုဇွန်တောင်ခုံးကျော်တံတားကိုလည်း တိုးချဲ့ခဲ့ပြီး ချဉ်းကပ်လမ်းများ၊ တံတားတည်ဆောက်ပုံအနေအထားများမှာ ဂျပန်စံချိန်ဖြင့် နိုင်ငံတကာအဆင့်မီတည်ဆောက်ထားခြင်းဖြစ်သည်။