လွတ်လပ်သောမက်သဒစ်အသင်းတော်ဘုရားရှိခိုးကျောင်း

Listing Description

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်မြတ်ထွန်းလမ်း၊ အမှတ် (၂၅၆) တွင် တည်ရှိသည်။ မက်သဒစ်သာသနာပြုဆရာကြီး Dr. James. M Thoburn က ၁၉၀၇ ခုနှစ်တွင် ငွေကျပ် ၁၇၀၀၀ ကုန်ကျခံ၍ နှစ်ထပ်သစ်သားဆောင်ဘုရားရှိခိုးကျောင်းအဖြစ် စတင် တည်ဆောက်ခဲ့သည်။ ကာလကြာမြင့်လာသောအခါ သဘာဝဘေးဒဏ်၊ ငလျင်ဒဏ်တို့ကြောင့် ပျက်စီးယိုယွင်းလာသဖြင့် ၁၉၂၁ ခုနှစ်တွင် ယခင်ပုံစံနှင့် အနီးစပ်ဆုံးတူသည့် အုတ်ဖြင့်တည်ဆောက်ထားသော နှစ်ထပ်အဆောက်အအုံ ဘုရားရှိခိုးကျောင်းကြီးကို တည်ဆောက်ခဲ့ရာ ၁၉၂၂ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ယနေ့တိုင် ဝတ်ပြုကိုးကွယ်ရာ ဘုရားရှိခိုးကျောင်းအဆောက်အအုံအဖြစ် အသုံးပြုလျက်ရှိသည်။ ယခုအခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ယင်းဘုရားရှိခိုးကျောင်း အဆောက်အအုံကို ရန်ကုန်မြို့ပြရှေးဟောင်းအမွေအနှစ်အဆောက်အအုံတစ်ခုအဖြစ် သတ်မှတ်ထားသည်။