အောင်ဇေယျတံတား (လှိုင်သာယာကြိုးတံတား၊ အင်းစိန်ကြိုးတံတား)

Listing Description

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာအရှေ့ပိုင်းမြို့နယ် နှင့် အင်းစိန်မြို့နယ်သို့ လှိုင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် တံတား တစ်စင်းဖြစ်သည်။၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ အရှည် ၁,၇၆၄ မီတာ (၅,၇၈၇ ပေ) ရှည်ပြီး ၄ လမ်းသွား ၁၉ မီတာ (၆၂ ပေ) အကျယ် ကားလမ်း နှင့် ၂ မီတာ (၆.၆ ပေ) အကျယ်ရှိ လူသွားလမ်းနှစ်ခု ပါဝငသည်။ အင်းစိန်ဘက် ချင်းကပ်လမ်းတွင် ၅၅၀ မီတာ (၁,၈၀၀ ပေ) ရှိ၍ လှိုင်သာယာဘက်ချင်းကပ်လမ်းတွင် ၆၀၃ မီတာ (၁,၉၇၈ ပေ) ရှိသည်။ ကွန်ကရစ်တိုင် ဖြင့် သံမဏိကြိုးများဆိုင်းထားသော တံတားဖြစ်သည်။ သံမဏိကြိုးဆိုင်းထားသောနေရာတွင် အောက်ခြေကို သံပေါင်ဖြင့် ဆောက်လုပ်ထားသည်။ အများဆုံး ကွေ့ဒီဂရီမှာ ၉ ဒီဂရီဖြစ်သည်။