တပ်လေးဘုရား

Listing Description

ညောင်ဦးမြို့နယ်၊ ပုဂံဒေသ၊ မင်းနန်သူရွာမြောက်ဘက်၊ တရုတ်ပြေးဘုရားသို့ အဝင်လမ်း၏ယာဘက်၌ တည်ရှိပါသည်။ ဂူဘုရားအမျိုးအစားဖြစ်ပြီး ဂူအတွင်း၌ သက္ကရာဇ် ၅၅၄ ခုနှစ် (အေဒီ ၁၁၉၃) နရပတိစည်သူမင်းလက်ထက် စောမွန်သင်နှင့် သမီးဖြစ်သူရေးထိုးခဲ့သော စာကြောင်းရေ ၁၉ ကြောင်းပါရှိသည့် အလှူမှတ်တမ်း ကျောက်စာတစ်ချပ်ရှိပါသည်။ ထိုကျောက်စာသည် ပုဂံခေတ် ကျောက်စာများအနက် မြန်မာစာ သတ်ပုံအရေးအသားတွင် စံထားထိုက်သောကျောက်စာ ဖြစ်သည်ဟု သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက သုံးသပ်ထားသည်။ ကျောက်စာအရ တပ်လေးစေတီသည် မင်းနန်သူရွာဝန်းကျင်ရှိ ပုဂံခေတ် စေတီပုထိုး ကျောင်းကန်များအနက် အစောဆုံး တည်ထားခဲ့သော စေတီဖြစ်ပါသည်။ စေတီတော် မျက်နှာကျက်၌ ဗုဒ္ဓဝင်ဆေးရေးလက်ရာများ၊ ပွင့်တော်မူပြီးသော ဘုရားရှင် ၃ ဆူနှင့် စေတီတော်ပုံများကို မူလလက်ရာအတိုင်း ထင်ရှားစွာ တွေ့မြင်လေ့လာနိုင်ပါသည်။