ရတနာမဉ္ဇူဘုရား

Listing Description

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်၊ ၁၉ လမ်း၊ ဧရာဝတီမြစ်တာရိုး အနီးတွင် တည်ရှိပါသည်။ အင်းဝခေတ် မဟာသီဟသူရ ခေါ် ပြည်စုန်သီဟသူမင်း (၁၄၃၁–၁၄၈၀) ၏ တောင်ယာစံမိဖုရားကြီး အမိတ္တသီရိမဟာဓမ္မဒေဝီက တည်ထားကိုးကွယ်ခဲ့သည်။ ပြည်စုန်သီဟသူမင်းသည် မန္တလေးတောင်ပေါ်ရှိ သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သော ဆုတောင်းပြည့်စေတီတော်ကို ပြုပြင်မွမ်းမံပြီးစီး၍အပြန် ချောင်းပေါက်ရွာအနီး ယခု ရတနာမဉ္ဇူဘုရား တည်ထားသည့်နေရာ၌ ဖောင်တော်ဆိုက်ကပ်စဉ် မင်းကြီးကိုယ်တိုင် ဆင်ရေးမြင်းရေးပြခဲ့ပြီး အင်းဝနေပြည်တော်သို့ ပြန်ခဲ့သည်။ သီဟသူမင်းကြီး နတ်ရွာစံကံကုန်သောအခါ မိဖုရားကြီးသည် သီဟသူမင်းကြီးအား ရည်စူး၍ မင်းကြီးဆင်ရေးမြင်းရေးပြခဲ့သော ယင်းနေရာတွင် ရတနာမဉ္ဇူဘုရားကို တည်ထားကိုးကွယ်ခဲ့သည်။