စိန့်ပက်ထရစ်သင်္ချိုင်း

Listing Description

မော်လမြိုင်မြို့လယ်၊ အထက်လမ်းမကြီး၊ စိန့်ပက်ထရစ်ဘုရားကျောင်းဝန်းအတွင်း တည်ရှိသည်။ သင်္ချိုင်းမှာ စိန့်ပက်ထရစ်ဘုရားကျောင်း စတင်တည်ထောင်ခဲ့သည့် ၁၈၂၉ ခုနှစ်တွင် တည်ဆောက်ခဲ့သော သင်္ချိုင်းတစ်ခုဖြစ်သည်။ သင်္ချိုင်းအကျယ်အဝန်းမှာ တစ်ဧကခွဲအကျယ်အဝန်းရှိပြီး မော်လမြိုင်မြို့ရှိ စိန့်ပက်ထရစ်နှင့် မွန်မြတ်သော အိမ်ထောင်စုဘုရားကျောင်းတို့အတွက် တစ်ခုတည်းသော ကက်သလစ်သင်္ချိုင်းတစ်ခုဖြစ်ခဲ့သည်။ သင်္ချိုင်း၌ မြှုပ်နှံခဲ့သော အုတ်ဂူများထဲတွင် ၁၈၃၅ ခုနှစ်က မြှုပ်နှံခဲ့သော အုတ်ဂူမှာ ယနေ့တိုင်တည်ရှိနေပြီး အများစုသော အုတ်ဂူများမှာ နှစ် ၁၀၀ ကျော်သက်တမ်းရှိ အုတ်ဂူများဖြစ်ကြသည်။ သင်္ချိုင်းတွင် စိန့်ပက်ထရစ်ဘုရားကျောင်း၌ ခေတ်အဆက်ဆက် တာဝန်ယူခဲ့ကြသော ဆရာတော်များ၊ လူပုဂ္ဂိုလ်များ၊ သီလရှင်များ စသည်ဖြင့် မြှုပ်နှံရာ နေရာများခွဲထားပြီး ဥရောပသားများစွာ၏ အုတ်ဂူများစွာလည်း ရှိသည်။ ၁၉၉၄ ခုနှစ်မှ စတင်၍ ယင်းသင်္ချိုင်းတွင် မြှုပ်နှံခွင့်ကို အစိုးရမှ ပိတ်ပင်ခဲ့သည်။