အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရ

Listing Description

ဖားအောက်တောရသည် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မော်လမြိုင်-မုဒုံကားလမ်းမကြီး မိုင်တိုင်အမှတ် (၉)အနီး ဖားအောက်ရွာအနီး၌ တည်ရှိသည်။ ဖားအောက်တောရဟူသောအမည်သည် ဖားအောက်ရွာအနီးရှိ စိတ္တလတောင်ခြေပတ်ဝန်းကျင်ရှိ အသီးအသီးသော တောကျောင်းများ တည်ရှိရာနယ်မြေကို ခြုံငုံ၍ ခေါ်ဆိုသောအမည်လည်းဖြစ်သည်။ ကျောင်းဝန်းအတွင်းတွင် သစ်သီးကျောင်း ခေါ် စင်္ကြန်ကျောင်း ခေါ် အောက်ကျောင်း၊ ကျွဲတညင်းကျောင်း ခေါ် အလယ်ကျောင်း၊ စိတ္တလတောင်ကျောင်း ခေါ် ဝါးကျောင်း ခေါ် အပေါ်ကျောင်း၊ နိဂြောဓရုံကျောင်း နှင့် မဟာဂန္ဓာရုံကျောင်း တို့ပါဝင်သည်။ မြန်မာပြည်အရပ်ရပ်သာမက နိုင်ငံရပ်ခြားမှ ယောဂီများ ဖားအောက်တောရ(ပင်မ)သို့ လာရောက်၍ ဝိပဿနာတရားများ အားထုတ်ကျင့်ကြံကြသည်။ မြန်မာပြည်အရပ်ရပ်နှင့် အခြားနိုင်ငံများတွင်လည်း ဖားအောက်တောရရိပ်သာခွဲများနှင့် ဩဝါဒခံရိပ်သာများရှိသည်။