ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်)

Listing Description

မွန်ပြည်နယ်ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်သည် မော်လမြိုင်မြို့ ဗဟိုလမ်းနှင့် ထားဝယ်တံတားလမ်းထောင့်တွင်တည်ရှိပြီး ၁၉၅၅ ခုနှစ်ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၆၀ ကျော်ပြီးဖြစ်ပါသည်။ မွန်လူမျိုးတို့နှင့် သက်ဆိုင်သော စာပေအမွေအနှစ်များ၊ ကျောက်စာပုံစံတူများနှင့် ရှေးဟောင်းဘုရားများ ကိုလည်းတွေ့နိုင်ပါသည်။ ထို့ပြင် နှစ်ပေါင်းထောင်ကျော် သက်တမ်းရှိ ရှေးဟောင်းအမွေအနှစ်များ ဖြစ်သော အုတ်ခွက်ဘုရားများ၊ ဒင်္ဂါးပြားများနှင့် သုဝဏ္ဏဘူမိမြို့ကို ထင်ဟပ်စေသော ခြင်္သေ့ပုံပါသော အုတ်များကိုလည်း လေ့လာနိုင်ပါသည်။ ပြတိုက်သည် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ပုံမှန်ဖွင့်လှစ်ပြီး တနင်္လာနေ့တစ်ရက်သာပိတ်ပါသည်။