စိန့်မေရီကက်သလစ်ဘုရားရှိခိုးကျောင်း

Listing Description

စိန့်မေရီကက်သလစ်ဘုရားရှိခိုးကျောင်းသည် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်တွင် တည်ရှိသည်။ ယခင် ကျောင်းအဟောင်းမှာ ဘားလမ်းထဲတွင်ရှိခဲ့သည်ဟု သိရသည်။ လက်ရှိ စိန့်ဘုရားရှိခိုးကျောင်းကြီးကို ၁၈၉၅ ခုနှစ်တွင် ဟော်လန်နိုင်ငံသား ဒတ်ချ်လူမျိုး ဘုန်းတော်ကြီးဖာသာ ဟန်းဒရွတ်ဂျေဆန်မှ ဒတ်ချ်ဗိသုကာပညာရှင် Joseph Cuypers ၏ အကူအညီဖြင့် ရင်သပ်ရှုမောဖွယ်ဖြစ်အောင် တည်ဆောက်ခဲ့ပြီး ၁၈၉၉ ခုနှစ်တွင် တည်ဆောက်မှု ပြီးစီးခဲ့ကာ ယခုအခါတွင် ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အအုံတစ်ခုအဖြစ် ပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တထောင် (စိန့်ပေါ) နှင့် ကပ်လျက်တည်ရှိသည်။ ကျောင်းတော်ကြီးကို တည်ဆောက်ရာတွင် သံထည်အသုံးမပြုဘဲ အုတ်ချပ်များဖြင့်သာလျှင် ဘိုဇင်တိုင် (အရှေ့ရောမအင်ပါယာ) ပုံစံ တည်ဆောက်ခဲ့ပါသည်။ ဘိုဇင်တိုင် ပုံစံဗိသုကာဖြင့်တည်ဆောက်သော ဘုရားကျောင်းများမှာ အရှေ့တောင်အာရှတွင် ထိုစိန့်မေရီဘုရားရှိခိုးကျောင်း တစ်ကျောင်းသာလျှင် တည်ရှိပြီး အထူးသဖြင့် ဗိသုကာပညာရှင်များနှင့် နိုင်ငံခြားသားဧည့်သည်များ အများဆုံးလာရောက် လေ့လာလျက်ရှိသည်။ ဘုရားကျောင်းရှိ မှန်ပန်းချီကားလက်ရာများသည် ဒုတိယကမ္ဘာစစ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင် နိုင်ငံတကာပညာရှင်များနှင့် မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်ခဲ့သည် ဟု သိရပါသည်။ ဘုရားကျောင်း၏ အတွင်းဘက်နံရံများပေါ်တွင် ရုပ်ကြွထုဆစ်ထားသော ဇာတ်တော်များကိုလည်း လေ့လာနိုင်ပါသည်။ ခမ်းနားလှပသော ဗိသုကာနှင့် စိန့်မေရီကက်သလစ်ဘုရားရှိခိုးကျောင်းသည် ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတစ်ခုဖြစ်ပြီး လူမျိုးဘာသာမရွေး ဝင်ရောက်လေ့လာ နိုင်သည်ဟု သိရပါသည်။