ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း

Listing Description

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် အနော်ရထာလမ်းထောင့်၊ အမှတ် (၂၂၈) တွင် တည်ရှိသည်။ ဗိသုကာပညာရှင် John Begg မှ ဒီဇိုင်းရေးဆွဲ၍ ၁၉၀၆ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၁၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။ အဆောက်အအုံကို မူလက အိန္ဒိယမှ ရောက်ရှိလာသော စာစောင်များ ဖြန့်ဖြူးရေးအတွက် အသုံးပြုခဲ့သည်။ ထို့နောက် ကိုလိုနီခေတ် ဂေဇက်များ၊ ဂျာနယ်များ၊ အက်ဥပဒေများကို ထုတ်လုပ်ဖြန့်ဝေခဲ့သည်။ ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ ဗဟိုပုံနှိပ်စက်ရုံအဖြစ် အသုံးပြုလျက်ရှိပြီး ယင်းအဆောက်အအုံကိုလည်း ရန်ကုန်မြို့ပြရှေးဟောင်းအမွေအနှစ်များ စာရင်းတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ထားသည်။